Saturday 16 July 2011

လူနှင့် ရဟန်းတော်များ

“အာဂါရာအနာဂါရာစ၊ ဥဘော၊ အညောညနဿိတာ၊ အရန္ဒ ယန္တိ သဒ္ဒမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ” ဟူ၍ ပါဠိတော်လာရှိ၏။

(အနက်ကား- အာဂါရာစ လူတို့သည်ကျပ၎င်း၊ အနာဂါရာစ ရဟန်းတို့သည် ၎င်း၊ ဥဘော နှစ်ဦးသော ပုဂ္ဂိုလ်တို့သည်၊ အညောညနိဿိတာ အချင်းချင်းတဦးနှင့် တဦး အမှီသဟဲပြုလျှက် နေကြကုန်၏။ ယောဂက္ခေမံ ကိလေသာတို့ ကုန်ရာဖြစ်သော၊ အနုတ္တရံ မြတ်သော နိဗ္ဗာန်ကိုရောက်စေခြင်းငှာ၊ သဒ္ဓမ္မံ သူတော် ကောင်းတရားကို၊ အရန္ဒယန္တိ ပူးတွဲ၍သာ အားထုတ်ကြရာ၏။)


ဤကဲ့သို့သော တရားဖြင့်ပင်လျှင်ုန်းကြီးရဟန်းတို့အား နိုင်ငံရေးကိုင ခြေစုံပစ်လျက်ဝင်အောင် လှုံ့ဆောင်လာရာ မောပြည်၌ ဘုန်းကြီးသြဇာ မကြိုက်သောလူဟူ၍ ရှားလှ၏။


ဘုန်းကြီးကဖြူဆိုဖြူ၍ မဲဆိုလျှင် မဲကြခြင်း အားဖြင့် နိုင်ငံရေးမှာ လျှင်မြန်စွာ စဉ်ရုံးနိုင်လာခဲ့ရာ ဘုရင်ခံဆာရယ်ဂျီနယ် ကရက်ဒေါက်တာ (ဘိုင်းကော့) အက်ဥပဒေဟူ၍ လူတယောက်ကို သပိတ်မှောက်လျှင် ထောင်ဒါဏ်အပြစ်ပေးနိုင်သော ဥပဒေတို့ကို ထုတ်ပြန်လာခဲ့ပြန်၏။


ဝေလမင်းသား ရန်ကုန်ကိုရောက်ချိန် နီးကပ်လာသောအခါ ဥက္ကဌ ဦးချစ်လှိုင်နှင့် ဒု-ဥက္ကဌ ဦးဘစီ၊ သတင်းစာဆရာဦးဘလှိုင် တို့ကို ပုလိပ်မင်းကြီးက ရန်ကုန်ဖမ်း၍ တောင်ကြီး၊ စင်္ကပူ စသောရပ်ဝေး၌ ခေတ္တအကျယ်ချုပ်ချထားပြီးလျှင် ဝေလမင်းသားအား မှောက်ထားသည် သပိတ်တစ်လုံးကို ကွဲသွားစေပြန်၏။


ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက်၏ တင်းမာကြမ်းတမ်းသော အုပ်ချုပ်ရေးကို လူတိုင်းနှုတ်တွင် တဖွဖွပြောဆိုလာကြလေရာ ထိုအချိန်တွင် ဆရာတော်ဦးဥတ္တမသည် ဘုရင်ခံထံသို့ စာတစ်စောင်ရေးသားပေးပို့၏။


ထိုစာမှာ “ဆာရယ်ဂျီနယ်ကရက်ဒေါက် မင်း ဗမာပြည်မှ ထွက်သွားလိုက်ပါ” ဟူသော စကားပင်ဖြစ်၏။


ထိုစာကို သူရိယသတင်းစာက ထည့်သွင်းဖော်ပြလိုက်ရာ ဟာဟယ်နှင့် ဗမာများ မျက်လုံးဖွင့်လာလေသည်။


ပွင့်ပုံကား ဦးဥတ္တမက အရေးပိုင်နှင့် ပုလိပ်အရာရှိလောက်ကိုပင် ဒူးတုန်းအောင်ကြောက်ရွံ့ရိုသေနေရသောခေတ်၌ ဘုရင်ခံကို “ဟေ့ မင်းထွက်သွား” ဟု ရဲရဲတောက်ပြောဝံ့ပါပေသည်ဟု အထူးပင် စိတ်ထကြွလာကြခြင်းဖြစ်၏။


တကယ်စင်စစ် ဘုရင်ခံကလည်းထွက်သွားမည်မဟုတ်။


သို့သော် ဦးဥတ္တမက တို့ဗမာလူမျိုးတွေမှာ ဒီလိုပြောနိုင်တဲ့အခွင့်အရေးဟာ ရှိနေတယ်ဆိုပြီး သင်ပေးလိုက်ခြင်းသာဖြစ်သည်။


နောက်တစ်ခုမှာ အစိုးရအရာရှိဆိုသောစကားမှာ အင်္ဂလိပ်ဘာသာတွင် “ပြည်သူ့ဝန်ထမ်း” ဟူ၍ ဆိုသည့် အတိုင်း အရာရှိမဟုတ်။


ပြည်သူ့ အစေခံတွေသာဖြစ်၍ သူတို့ကို ဘာမှကြောက်စရာမလိုဟု လှုံဆော်ရေးသားသည်ကိုလည်း ကွန်ုပ်တို့ ဖတ်ရှုရသေးသည်။


ထိုအချိန်က ဆရာတော်ဦးဥတ္တမ၏ လှုံ့ဆော်ပေးချက်များသည် မနိုးကြားသေးသော ဗမာလူမျိုးများအတွက် အထူးအရေးပါ အရောရောက်သော လှုံ့ဆော်ချက်ဖြစ်သည်ကို ကျွန်ုပ်တို့ ဘယ်သောအခါမျှ မေ့နိုင်ကြမည်မဟုတ်ပေ။